ပုံပါကျင် ဇွန် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့တွင် ယနေ့ နံနက်(၈)နာရီမှစ၍ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းအသီးသီးတွင် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာယာစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ပုံပါကျင်မြို့တွင် အထက်တန်းကျောင်း(၂)ကျောင်း၊ မူလတန်းကျောင်း(၇)ကျောင်းနှင့် မူလတန်းလွန်ကျောင်း (၃)ကျောင်းရှိကြောင်း သိရပြီး အဆိုပါ ကျောင်းအသီးသီးတွင် ကျောင်းသား/ ကျောင်းသူများ စိတ်လက်ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားနိုင်စေရေးအတွက် မြို့အုပ်ချုပ် ရေးအဖွဲ့မှ ဦးဆောင်၍ ကျောင်းဝန်းများအတွင်း အဖွဲ့အစည်းပေါင်းစုံဖြင့် စုပေါင်းသန့်ရှင်းရေးများ ကြိုတင်ဆောင်ရွက်ထားရှိပြီး ယနေ့ကျောင်းတက်ချိန်တွင်လည်း ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာယာစွာ ပညာသင်ယူလျက်ရှိကြောင်း သိရသည်။
အိအိဖြိုး(ပြန်/ဆက်)