ကျိုင်းလပ် ဇွန် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ယနေ့ နံနက်(၈)နာရီမှစ၍ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာယာစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျိုင်းလပ်မြို့တွင် အထက်တန်းကျောင်း (၁)ကျောင်း၊ အလယ်တန်းကျောင်း (၂)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၁)ကျောင်း၊ မူလတန်းကျောင်း (၁၆)ကျောင်းနှင့် မူလတန်းလွန်ကျောင်း (၁)ကျောင်းရှိကြောင်း သိရပြီး အဆိုပါ ကျောင်းအသီးသီးတွင် ကျောင်းသား/ကျောင်းသူများ စိတ်လက်ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားနိုင်စေရေးအတွက် မြို့အုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ကျောင်းဝန်းများအတွင်း အဖွဲ့အစည်းပေါင်းစုံဖြင့် စုပေါင်းသန့်ရှင်းရေးများ ကြိုတင်ဆောင်ရွက်ထားရှိပြီး ယနေ့ကျောင်းတက်ချိန်တွင်လည်း ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာယာစွာ ပညာသင်ယူလျက်ရှိကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)