မိုင်းယန်း ဇွန် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ပြီး ကျောင်းသား/ ကျောင်းသူများ ပညာသင်ကြားလျက်ရှိသည်။
အဆိုပါ အခြေခံကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ ပညာနေသင်ကြားနေမှု အခြေအနေများကို မိုင်းယန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မိုင်းယန်းမြို့ခရိုင်၊ မိုင်းယန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁)ကျောင်း၊ အလယ်တန်းကျောင်း(၃)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၂)ကျောင်း၊ မူလတန်းကျောင်း (၁၀)ကျောင်းနှင့် မူလတန်းလွန်ကျောင်း(၄)ကျောင်း စုစုပေါင်း(၂၀)ကျောင်း ဖွင့်လှစ်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ထွန်းထွန်းထူး