မိုးကောင်းမြို့ Community Centre ခန်းမ၌ အိမ်တွင်းလက်မှုပညာအခြေခံခြင်း ထိုးနည်းသင်တန်းဖွင့်လှစ်

မိုးကောင်း ဇွန် ၃

ပြည်သူများ Community Centre ခန်းမကို အသုံးပြုတတ်စေရန်နှင့် အိမ်တွင်းလက်မှုပညာမှ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်တတ်စေရန်ရည်ရွယ်၍ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ Community Centre ခန်းမ၌ အခြေခံခြင်းထိုးနည်းသင်တန်းကို ဇွန်လ(၁)ရက် နံနက်(၉)နာရီတွင် ကျင်းပခဲ့သည်။

သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးကြိုင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်အိအိထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းသည်။

သင်တန်းတွင် သင်တန်းနည်းပြမှ ယိုးဒယားကြိုးဖြင့် အခြေခံခြင်းထိုးနည်းပညာကို သင်ကြားပေးပြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာဖွဲ့ဝင်များနှင့် ကျောင်းသူများ စုစုပေါင်း (၂၅) ဦး တက်ရောက်ကြောင်း သိရသည်။

သင်တန်းကာလကို ဇွန်လ(၁)ရက်နှင့် (၂) ရက်တို့တွင် နံနက်(၉)နာရီမှ (၁၀) နာရီခွဲထိ (၂) ရက်တာ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး (ပြန်/ဆက်)