မိုးကောင်းမြို့ Community Centre ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

မိုးကောင်း ဇွန် ၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် Community Centre ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့လယ်(၁)နာရီတွင် ကျင်းပသည်။

ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးကြိုင်က စာစီစာကုံးပြိုင်ပွဲနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။

စာစီစာကုံးပြိုင်ပွဲကို အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးက “မူးယစ်ကင်းစင် တို့ဝန်းကျင်”ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ကြသည်။

သန်းလွင်ဦး (ပြန်/ဆက်)