ပုဗ္ဗသီရိ ဇွန် ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ရဲတပ်ဖွဲ့ကွပ်ကဲမှုအောက်ရှိ စခန်းများမှ တပ်ဖွဲ့ဝင် သား/သမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရန်နိုင်နှင့် ဇနီး ဒေါ်စန္ဒာ၊ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးအေးစိုးနှင့် ဇနီး ဒေါ်အေးအေးမြင့်၊ ထုံဖိုမြို့မစခန်းမှူး ဒုရဲမှူး မောင်မောင်သိန်းနှင့်ဇနီး ဒေါ်သိမ့်သိမ့်ထွေး၊ ကျည်တောင်ကန် စခန်းမှူး ရဲအုပ်သိန်းမင်းထွန်းနှင့် ဇနီး ဒေါ်ဖြူပြာစိုးမိုးတို့က ပုဗ္ဗသီရိမြို့နယ် ရဲတပ်ဖွဲ့ကွပ်ကဲမှုအောက်ရှိ စခန်းများမှ တပ်ဖွဲ့ဝင် သား/ သမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသား၊ ကျောင်းသူ (၃၂)ဦးအတွက် စာအုပ်၊ ကွန်ပါဘူး၊ ခဲတံ၊ ဘောလ်ပင်၊ ပေတံများ စုစုပေါင်းကျပ်(၆၆၄၄၀၀/-) ကျောင်းသုံးစာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ရာ၊ အဆိုပါအခမ်းအနားသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ထုံးဖိုမြို့မစခန်းမှူး၊ ကျည်တောင်ကန် စခန်းမှူး၊ တပ်ဖွဲ့ဝင်မိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်