မင်္ဂလာဒုံမြို့နယ်တွင် ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း(၂)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၄၀)ခု ကွင်းဆင်းဆောင်ရွက်

မင်္ဂလာဒုံ ဇွန် ၃

"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် လူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်နှင့်ဝန်ထမ်းများ လိုက်ပါလျက် ရွှေနံသာကျေးရွာအုပ်စုရှိ မိဘပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် အဆိုပါကျေးရွာအုပ်စုရှိ မိဘပြည်သူများအား အသက် ၁၆နှစ်မှ ၁၈နှစ်ကြားနှင့် အသက် ၁၈ နှစ်အထက် ပြည့်ပြီးသူများထံသို့ မြိုနယ်ဦးစီးမှူး ဦးမြင့်သူအောင်နှင့် ဝန်ထမ်းများက လက်ဝယ်အရောက် အိမ်ထောင်စုစာရင်း (၂)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အမျိုးသား(၁၉)ဦး၊ အမျိုးသမီး(၂၁)ဦး စုစုပေါင်း(၄၀)ဦးတို့အတွက် (၄၀)ခုအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မင်းသိန်းထွန်း