ဗန်းမော် ဇွန် ၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာ့နိုင်ငံများနှင့်ပြည်သူများ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအပေါ် အာရုံစူးစိုက်မိလာစေရန်နှင့် ကမ္ဘာ့ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ပြသာနာများအနက် အခြေအနေနှင့်အချိန်အခါပေါ်မူတည်၍ နှစ်အလိုက်ဖြစ်ပွား ပေါ်ပေါက်နေသည့် အရေးကြီးပြသာနာရပ်များ၊ အဓိကစိန်ခေါ်နေမှုများကို ပိုမိုသိရှိကာ အလေးထား ဖြေရှင်းဆောင်ရွက် လာကြစေရန် ရည်ရွယ်၍ “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ဟူသော ခေါင်းစဉ်ဖြင့် ဗန်းမော်မြို့အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် (၁၉) ဦး၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် (၁၉) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ထူးချွန်ဆုရရှိသူများကို ဇွန်လ (၅) ရက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်