မလှိုင် ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဇေယျာအောင်သံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ယခုအချိန်သည် ၂ဝ၂၄- ၂ဝ၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်၊ ကောလိပ်များ၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်မည်ဖြစ်၍ ကျောင်းအပ်နှံရေးသီတင်းပတ်အနေဖြင့် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိဌာနအနေဖြင့်လည်း ဝန်ထမ်းသားသမီးကျောင်းသား/သူများ စိတ်အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်စေရန် ယခုလိုထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းမိသားစုများအတွက် တတ်နိုင်သည့်ဘက်မှခွန်အားဖြစ်စေရန်၊ အနာဂတ်အတွက်အားကိုးအားထိုက်ပြုရသော နိုင်ငံသားကောင်းများဖြစ်စေရန်နှင့် ပညာတတ်များဖြစ်စေရန်ရည်ရွယ်၍ ယခုလိုထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်က ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ခဲ့ရာ တက္ကသိုလ်ကျောင်းသား(၈)ဦးအား တစ်ဦးလျှင်(၂၅၀၀၀)ကျပ်နှုန်းဖြင့် (၂၀၀၀၀၀)ကျပ်၊ အထက်တန်းအဆင့်(၁၁)ဦးအား တစ်ဦးလျှင်(၂၀၀၀၀)ကျပ်နှုန်းဖြင့် (၂၂၀၀၀၀)ကျပ်၊ အလယ်တန်းအဆင့်(၉)ဦးအား တစ်ဦးလျှင်(၁၅၀၀၀)ကျပ်နှုန်းဖြင့် (၁၃၅၀၀၀)ကျပ်၊ မူလတန်းအဆင့်(၂၂)ဦးအားတစ်ဦးလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့်(၂၂၀၀၀၀)ကျပ်၊ စုစုပေါင်းကျောင်းသား/သူ(၅ဝ)ဦးတို့အား (၇၇၅၀၀၀)ကျပ် ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်ကမ်းထိန်းသိမ်းရေးကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဝန်ထမ်းများနှင့်ဝန်ထမ်းသားသမီး ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)