မြစ်ကြီးနား ဇွန် ၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးစကားဝိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁) နာရီက ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ထက်၊ ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်းဒေးရှင်း ဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို(ကသာ)၊ စာရေးဆရာမ စန္ဒာလွင်နှင့် စာရေးဆရာ ဇေယျာညီညီတို့က နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ စာကြည့်တိုက်ရဲ့အခန်းကဏ္ဍ၊ စာဖတ်ခြင်း၏ ကောင်းကျိုးများနှင့် အကျိုးကျေးဇူးများ၊ ဦးစားပေးဖတ်ရမည့် စာအုပ်အမျိုးအစားများ၊ စာမဖတ်ချင်သည့် ကလေးငယ်များကို စာဖတ်ချင်လာအောင် ဘယ်လိုလုပ်ရမည် စသည့်အကြောင်းအရာများကို အပြန်အလှန် မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)