လယ်ဝေး ဇွန် ၁
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ မိုးစပါးတွင် Seeder ၁၀၀ ရာခိုင်နှုန်းပြည့်မီရန်အတွက် အေလာ၊ ရွာမရပ်ရှိ နေမင်းထွန်းစက်မှုလက်မှုလုပ်ငန်းမှ တစ်နိုင်တစ်ပိုင် ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။
အဆိုပါလုပ်ငန်းအား ယမန်နေ့ညနေပိုင်းက နေပြည်တော်ကောင်စီဝင်ဦးဇေယျာလင်းသည် စက်မှုလယ်ယာဦးစီးဌာန တိုင်းဦးစီးမှူးဦးနိုင်ဦး၊ လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် မျိုးစေ့ချကိရိယာ Seeder ထုတ်လုပ်ပုံအဆင့်ဆင့် အားကြည့်ရှုအားပေးရာ နေမင်းထွန်းစက်မှုလက်မှုလုပ်ငန်းမှ ဦးသန်းဌေးက ရှင်းလင်းတင်ပြသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်က သွင်းကုန်အစားထိုးလုပ်ငန်းဖြစ်သည့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးနှင့် စျေးကွက်ရရှိစေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
လယ်ဝေးမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီတွင် ကြဲခင်းစနစ်ပပျောက်ရေးအတွက် မိုးစပါး စိုက်ဧက ၆၂၆၇၈ ဧကအား ပျိုးထောင်စိုက် ၃၃၆၇ ဧက၊ အခြောက်မျိုးစေ့ချစက်ဖြင့် ၇၅၀၀ ဧကနှင့် အစိုမျိုးစေ့ချစက်ဖြင့် ၅၁၈၁၁ ဧက စိုက်ပျိုးရန်လျာထားကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)