မြင်းခြံ နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား လက်လုပ်လက်စား အိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေ များ လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
မြင်းခြံမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား လက်လုပ်လက်စား အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေးကာလအတွင်း စားဝတ်နေရေး အဆင် ပြေစေရန်အတွက် နိုင်ငံတော်မှ စတုတ္ထအကြိမ် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် မြင်းခြံမြို့နယ်အတွင်းရှိ အိမ်ထောင်စု (၄၉၅၅၅) စုအတွက် ငွေကျပ် စုစုပေါင်း (၉၉၁၁၀၀၀၀၀) ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြင်းခြံမြို့ပေါ်ရှိ ရပ်ကွက် (၂၀) ရပ်ကွက်လုံးအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးချမ်းမြေ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်တို့က မြို့ပေါ်ရပ်ကွက်နေပြည်သူများသို့ ထောက်ပံ့ငွေများ လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)