လားရှိုး ဇွန် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ဒေသခံပြည်သူများအား Biometiic Data များ ကောက်ယူခြင်းများကို လားရှိုးမြို့ရှိနေရာသုံးနေရာတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ Biometiic Data များကောက်ယူ၍ UID ထုတ်ပေးရေးလုပ်ငန်းများကောက်ယူရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြား ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
Biometiic Data များကောက်ယူ၍ UID ထုတ်ပေးရေးလုပ်ငန်းဆောင်ရွက်နေမှုများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးမြို့နယ်ရုံး၊ ယုံဟော်အနီးရှိ မြို့မအားကစားကွင်း၊ ရပ်ကွက် (၁၂)ရှိ ပြည်ထောင်စုအားကစားကွင်း၊ အားကစားခန်းမတို့တွင် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့ ပြည်ထောင်စုအားကစားကွင်းတွင် ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ တိုကင်စနစ်ဖြင့် လာရောက်တန်းစီသူ လူဦးရေ ၇၀၀ ကို စက်လေးလုံးဖြင့် ဆောင်ရွက်ပေးလျက်ရှိနေကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)