တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ပရိသတ်များမှ စာအုပ်များလှူဒါန်း

တပ်ကုန်း ဇွန်  ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများ စာပေဗဟုသုတရရှိစေရန်နှင့် စာပေဖတ်ရှုပြီး အသိပညာဉာဏ် ပိုမိုဖွံ့ဖြိုးစေရန် ရည်ရွယ်၍ စာအုပ်စာစောင်များ အခမဲ့ငှာရမ်းပေးလျက်ရှိရာ ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ်များလှူဒါန်းခြင်းကို ယနေ့မွန်းလွဲပိုင်းက စာဖတ်ပရိသတ်တစ်ဦး လာရောက်လှူဒါန်းကြောင်း သိရသည်။

တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့အထိ နံနက် ၉ နာရီခွဲအချိန်မှ ညနေ ၅ နာရီအချိန်ထိ အသင်းဝင်ရောက်မှုနှင့် သုတရသစာအုပ်စာစောင်များအား ငှားရမ်းပေးမှုကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိပြီး၊ Digital Library Management System (DLMS)စနစ်၊ စင်ဖွင့်စနစ်တို့ဖြင့် ရက်သတ္တပတ်ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖြူစင်အိ