တပ်ကုန်းမြို့နယ်၌ ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးသည့် နွေနှမ်းခင်းများ အောင်မြင်ဖြစ်ထွန်း

တပ်ကုန်း ဇွန် ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စားသုံးဆီဖူလုံပိုလျှံရေးအတွက် အင်ဘက်ကုန်းကျေးရွာ၊ စနစ်တကျလယ်မြေအတွင်း ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားသော နွေနှမ်း ၁၁၂ ဧက အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူထံမှ သိရသည်။

အဆိုပါကျေးရွာ စနစ်တကျလယ်မြေအတွင်း ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားသည့် နွေနှမ်းစိုက်ခင်းများတွင် စနစ်တကျစိုက်ပျိုးရေး၊ မျိုးစေ့ကုန်ကျမှုသက်သာရေး၊ ရေသွင်းရေထုတ်မှန်ကန်ရေး၊ အပင်ဖြစ်ထွန်းကောင်းမွန်ရေးနှင့် တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

တင်စိုးလွင်