အမ်း ဇွန် ၁
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များက အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မှုလတန်းကျောင်းများမှ တာဝန်ခံ ဆရာ၊ ဆရာမအား တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံနိုင်ရေး၊ ကျောင်းဖွင့်လှစ်နိုင်ရေး၊ ဆရာ၊ ဆရာမများ အင်အားပြည့် ကျောင်းတက်ရောက်၍ တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်၊ ကျောင်းဥပဒိရုပ်ကောင်းမွန်ရေး၊ ကျောင်းသန့်ရှင်းသာယာလှပရေး၊ ဆရာ၊ ဆရာမများ လုပ်ငန်းတာဝန်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် စက်သုံးဆီရရှိရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခင်မောင်ဝင်းနှင့် မြို့နယ်ပညာရေးမှူး ဦးကိုကြီးက ကျောင်းဖွင့်ရာသီတွင် ဆရာ၊ ဆရာမများ မိမိတာဝန်ထမ်းဆောင်ရာ မြို့ပေါ်ရပ်ကွက်/ကျေးရွာများသို့ လာရောက်ကြရန်၊ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမများအနေဖြင့် မေလ ၂၃ ရက်နေ့ မှ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်လက်ခံနိုင်ရေး၊ မြို့နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားချက်များကို အချိန်နှင့်တပြေးညီ မိမိတာဝန်ကျေပွန်စွာ ထမ်းဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)