မိုးညှင်း မေ ၃၁
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး အဖွဲ့များအား စွမ်းရည်မြှင့်တင်ခြင်း အခမ်းအနား(၂/၂၀၂၄)ကို ယနေ့နံနက် (၁၀) နာရီက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့များအား လူကုန်ကူးမှုနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး အမှတ် (၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် (မိုးညှင်း) မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်တင့်လွင် က မြို့နယ်အတွင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များ၊ ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များ၊ လူကုန်ကူးမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ လက်ရှိဖြစ်ပေါ်နေသည့် အွန်လိုင်းများမှတစ်ဆင့် လူကုန်ကူးမှုအခြေအနေများနှင့် ပြည်တွင်းပြည်ပသို့ သွားရောက်အလုပ် လုပ်ကိုင်မည်ဆိုပါက နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် လူကုန်ကူးခံရနိုင်သည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် အဖွဲ့ဝင်များမှ သိရှိလိုသည်များအား အသီးသီးမေးမြန်းဆွေးနွေးကြပြီး လိုအပ်သည်များကို ယင်းတပ်ဖွဲ့စိတ်မှူးက ပြန်လည်ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း