လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း) မေ ၃၁

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ်()ရပ်ကွက် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အားကစားခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများမှ ကျောင်းအပ်နှံရေးသီချင်းဖြင့် သီဆိုဖွင့်လှစ်၍ အင်းစိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး အင်းစိန်ခရိုင်ပညာရေးမှူးက ကျောင်းအပ်နှံရေးနေ့နှင့်ပတ်သတ်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး ဆက်လက်၍ ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံ ထီး၊ ခြင်း၊ ရေဘူး၊ ထမင်းဘူးနှင့် ကျောင်းဝတ်စုံများကို ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသန့်ဇင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးခိုင်မင်းကိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါက်တာသင်းမာလာတို့မှ ကျောင်းသား/ကျောင်းသူများထံသို့ အသီးသီး ထောက်ပံ့ပေအပ်လျက် ရှိသည်။

အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ပညာရေးမှူးနှင့် လှိုင်သာယာ (အရှေ့ပိုင်း)နှင့် လှိုင်သာယာ (အနောက်ပိုင်း) မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများနှင့် မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အ.ထ.က (၁) မှ ကျောင်သား/ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ပိတ်သိမ်းကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)