ဒလမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဒလ မေ ၃၁

ဒလမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းရှိ သီရိဇေယျနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်က မိုးရာသီတွင် မုန်တိုင်းအန္တရာယ်သတင်းများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရန်ကိစ္စများ၊ မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးရန်ကိစ္စများ၊ အောက်တိုဘာလအတွင်း သန်းခေါင်စာရင်း ကောက်ယူရန်ကိစ္စများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်ကိစ္စများ၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ဆောင်ရွက်ရန်ကိစ္စများ စသည့် အကြောင်းအရာများကို ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ပေါင်းစပ်ဆောင်ရွက်ရန်ကိစ္စရပ်များ အား ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသောဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှ မိမိလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ ဆွေးနွေးတင်ပြခဲ့ပြီး ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်က လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားသည်။

မြင့်ဇော်(ပြန်/ဆက်)