ပေါင်းတည်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အစည်းအဝေးကျင်းပ

ပေါင်းတည် မေ ၃၁

ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ အပတ်စဉ် အစည်းအအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမြင့်ဇော်နိုင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးဝေလွင်ဦး၊ အဖွဲ့ဝင် (၂) ဦးအေးကျော်နှင့်အဖွဲ့ဝင် (၃) ဦးဇော်ဝင်းနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက စီမံအုပ်ချုပ်ရေးဆိုင်ရာများ၊ လုံခြုံရေးဆိုင်ရာများ၊ စိုက်ပျိုးမွေးမြူရေးကိစ္စရပ်များ၊ အပူဒဏ်ကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ ကျောင်းအပ်နှံရေးလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ အသီးသီးအမှာစကားပြောကြားပြီး ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများက အထွေထွေအုပ်ချုပ်ရေးလုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက်၍ တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ​ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)