ကျောက်တံတား မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ အ.ထ.က(ကျောက်တံတား)တွင် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးကျော်ကျော်သိန်းက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်လှလှဝင်းက ကျောင်းအပ်နှံရေးကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်၊၊
ထိုအခမ်းအနားတွင် ကျောက်တံတားမြို့နယ်အတွင်းရှိ ကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာများကို တာဝန်ရှိသူများကလည်းကောင်း၊ Link Company ကလည်းကောင်း အသီးသီးလှူဒါန်းခဲ့ကြောင်း သိရှိရပါသည်၊၊
ပညာရေးဝန်ကြီးဌာနသည် ကျောင်းအပ်နှံရေးသီတင်းပတ်လှုပ်ရှားမှုကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား/သူများအား ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရပါသည်။
သဇင်(ကျောက်တံတားပြန်ဆက်)