ဒဂုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ

ဒဂုံ မေ ၃၁

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ဒဂုံမြို့နယ်၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ဦးဘလွင်ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် ဒဂုံမြို့နယ်ပညာရေးမှူး ဒေါ်ဝါဝါဦးက ကျောင်းအပ်နှံရေးလုပ် ငန်းများနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကို ဒဂုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးမြင့်အေးမှ အခြေခံပညာအထက်တန်းဆင့်ကိုလည်းကောင်း၊ ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးဇော်လွင်က အခြေခံပညာအလယ်တန်းအဆင့်ကိုလည်းကောင်း၊ ဒဂုံမြို့နယ်ပညာရေမှူးရုံးမှ ဦးတင့်လွင် လက်ထောက်ပညာရေးမှူး (ငြိမ်း) က အခြေခံပညာမူလတန်းအဆင့်နှင့် ဘကကျောင်းအဆင့် ကျောင်းသား/ ကျောင်း သူများထံသို့ ပေးအပ်ခဲ့ကြပြီး အ.ထ.က (၂) (မြို့မ) ကျောင်သား/ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့်သီဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့​သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ အခြေပညာ ထက်၊ လယ်၊ မူ ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် တက်ရောက်သင်ကြားမည့် ကျောင်းသား/ကျောင်းသူများ၊ မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)