တာချီလိတ် မေ ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့မှ ပူးပေါင်းဖွင့်လှစ်သည့် MFF “D” and AFC “C” Diploma Coaching Course ဘောလုံးနည်းပြသင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၃ နာရီက မြို့မအားကစားကွင်းတွင် ကျင်းပသည်။
ဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးတင်ဦးကျော်က သင်တန်းဆင်း အမှာစကားပြောကြားပြီး မြန်မာဘောလုံးအဖွဲ့ချုပ် နည်းပြဆရာ ဦးရဲဝင်းသူက သင်တန်းကာလအတွင်း သင်ကြားပို့ချခဲ့သော သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို မေလ (၁၇) ရက်နေ့မှ (၃၀) ရက်နေ့အထိ သင်တန်းသား (၁၆) ဦးအား စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)