ချမ်းမြသာစည် မေ ၃၀
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းများကို ယနေ့နံနက်၁၀နာရီက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သောင်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် သင်တန်းနည်းပြများက ပေါက်ကွဲစေတတ်သောပစ္စည်းများ၏ အန္တရာယ်များအကြောင်း၊ ဆောင်ရန်/ရှောင်ရန်များအကြောင်း စသည်တို့ကို အကျယ်တ၀င့် ရှင်းလင်းဟောပြောခဲ့ကြသည်။ ဟောပြောပွဲပြီးနောက် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ဒေါက်တာမတင်ဝင်း ရေးသားထားသည့် သင်ပြနည်းပညာစာအုပ်ကို စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်း၊ မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သောင်းနှင့် အလုပ်အမှုဆောင်များ၊ ကြက်ခြေနီလူငယ်မောင်မယ်များ၊ စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့