မတ္တရာမြို့နယ်၌ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

မတ္တရာ မေ ၃၀

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉နာရီက မတ္တရာမြို့ အမှတ်(၂) ရပ်ကွက်ရှိ အ.ထ.က (မတ္တရာ) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားကို အ.ထ.က(စလွန်ဖြူ) ကျောင်းသား၊ ကျောင်းသူများမှ “မြန်မာ့ကျောင်း” သီချင်းကို သီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်ဆွေဝင်းမှ ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခမဲ့ဖြန့်ဝေသော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများမှ လက်ခံရယူခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ နေပုညသင်္ဂဟပညာရေးထောက်ပံ့အသင်းနှင့် အောင်သာကံမြင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့မှ ပညာရေးဌာနသို့ အလှူငွေများကို ပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ဆွေဝင်းနှင့် ဒုတိယမြို့နယ်ပညာရေးမှူးတို့မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် အခမ်းအနားကို အ.ထ.က(မြို့သစ်)မှ ကျောင်းသား၊ ကျောင်းသူလေးများမှ “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြိုနယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာများ၊ အလှူရှင်များ၊ ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)