ကွမ်းခြံကုန်းမြို့နယ်၌ တိုင်းရင်းဆေးများဖြင့် ကျေးရွာသူ/သားများအား(အခမဲ့) ကွင်းဆင်းကုသ

ကွမ်းခြံကုန်း မေ ၃၀      

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ယမန်နေ့က တိုင်းရင်းဆေးပညာဖြင့် တောကျောင်းကျေးရွာအုပ်စု၊ ကော့ခနိမ်ကျေးရွာ၌(အခမဲ့)ကွင်းဆင်း ဆေးကုသပေးခဲ့ကြောင်း  သိရသည်၊၊

အဆိုပါ ကွင်းဆင်းဆေးကုသမှုကို ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်တိုင်းရင်းဆေးကုဌာန လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးက တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုပေးခဲ့ပြီး တိုင်းရင်းဆေးအကြောင်း သိကောင်းစရာအကြောင်း ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးက တိုင်းရင်းဆေးဖြင့် ဒူးနာ၊ ခါးနာ၊ နှလုံး၊ သွေးတိုး၊ ဆီးချို၊ မီးယပ်၊ လေဖြတ်လေငန်း၊ ကျီးပေါင်းရောဂါစသည့် လူနာ(၂၉)ဦးတို့အား အခမဲ့ဆေးကုသပေးခဲ့ကြောင်း သိရသည်။                 

ဆွေနွယ်(ပြန်/ဆက်)