ညောင်ဦးမြို့နယ်အတွင်း စာတတ်မြောက်ရေးလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

ညောင်ဦး ‌မေ ၃၀

မန္တလေးတိုင်းသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း စာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယနေ့နံနက်၁၀နာရီအချိန်က ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ ညောင်ဦးမြို့နယ်အတွင်း စာတတ်မြောက်ရေးလုပ်ငန်းစဉ် စာသင်ဝိုင်းများ ဖွင့်လှစ်သင်ကြားရာတွင် နယ်မြေအလိုက် ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည့် ကြီးကြပ်ရေးမှူးများနှင့် စာတတ်မြောက်ရေးလုပ်ငန်းစဉ် စာသင်ဝိုင်းများ ဖွင့်လှစ်သင်ကြားရာတွင် အောင်မြင်စွာ တက်ရောက်ပြီးမြောက်ခဲ့သူများအား ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း