မန္တလေး မေ ၃၀
ကျောင်းဖွင့်ချိန်အမီ စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေး၊ ဥပဓိရုပ်ကောင်းမွန်ရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ အကွက်(၅)ရှိ အမှတ်(၃၈)အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းပြုလုပ်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုလှိုင်နှင့် ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထူးနှင့် ရာအိမ်မှူးများ၊ အကွက်တာဝန်ခံများ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ တပ်ခွဲ(၃)တပ်ခွဲမှူး ဇော်ဝင်းအောင်၊ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့၊ တပ်စုမှူး တင်မောင်ဆန်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်ပြည်သူများ ပူးပေါင်း၍ ကျောင်းးသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် ကျောင်းတွင်း၊ ကျောင်းပြင်သန့်ရှင်းလှပရေး၊ သန်းရှင်းရေးဆောင်ရွက်ခြင်း၊ စာသင်ခုံများသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပြုပြင်ခြင်း၊ စာသင်ခန်းများအတွင်း စနစ်တကျထားရှိခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို တစ်ပျော်တစ်ပါး စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်-စံ၊ပြန်/ဆက်)