ကျိုက်မရောမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကျိုက်မရော မေ ၃၀

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အ.ထ.ကကျိုက်မရော (ပညာ့အားမာန်) ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကျိုက်မရောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်စုစုဌေးက မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျိုက်မရောမြို့နယ် အခြေခံပညာကျောင်းများအတွက် နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ဗလာစာအုပ်များနှင့် ခဲတံ၊ ဘောပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကကျောင်းသား၊ကျောင်းသူများထံ ပေးအပ်ခဲ့ကြောင်းသိရသည်။

ချိုမြတ်မြတ် ထွေး(ပြန်/ဆက်)