မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့က သံဃာတော်များအား ဆွမ်းလောင်းလှူဒါန်း

မန္တလေး မေ ၃၀

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ၈၉လမ်း၊ ၈×၉ လမ်းကြားရှိ ညောင်ကွဲရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ရုံး၏ (၁၅၄)ကြိမ်မြောက် ဆွမ်းလောင်းလှူပွဲကို ယနေ့နံနက် ၅ နာရီက ညောင်ကွဲရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ရုံး အရှေ့တွင် ပြုလုပ်ကြသည်။

အဆိုပါ ဘုံဆွမ်းလောင်းလှူရာတွင် ရပ်ကွက်အတွင်း လေးပြင်လေးရပ်မှ ဆွမ်းခံကြွရောက်လာသော သံဃာတော်အပါး(၁၀၀)ကျော်အား မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ တပ်ခွဲ(၃)တပ်ခွဲမှူး မောင်မောင်၊ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့၊ တပ်စုမှူး တင်မောင်ဆန်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ (၁၅၄)ကြိမ်မြောက်အဖြစ် သံဃာတော်များအား ဆွမ်း၊ ဆိတ်သားချက်၊ ဘဲဥချက်၊ ကုလားပဲနှပ်၊ ငါးလေးခြောက်ကြော်၊ ငရုပ်သီးကြော်၊ ပဲတီချဉ်သုပ်၊ ကန်ဇွန်းရွက်ကြော်စသည့် ဆွမ်း၊ ဆွမ်းဟင်းများအား ကုသိုလ်ပြုလောင်းလှူကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်-စံ၊ပြန်/ဆက်)