တံတားဦး မေ ၃၀
တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၏ အခြေခံပညာနှင့် တက္ကသိုလ်၊ ကောလိပ်များတွင် ပညာသင်ကြားမည့် မိသားစုဝင် သားသမီးများအား ပညာသင်ထောက်ပံ့ငွေများနှင့် ဗလာစာအုပ်များပေးအပ်ပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။
ပညာသင်ထောက်ပံ့ငွေများပေးအပ်ပွဲတွင် တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်းက ဝန်ထမ်းမိသားစုများ၏ အထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် တက္ကသိုလ်၊ ကောလိပ်အသီးသီးတို့၌ ပညာသင်ကြားကြမည့် မိသားစုဝင်သား၊ သမီးများအား ပညာသင်ထောက်ပံ့ငွေများနှင့် ဗလာစာအုပ်များ၊ စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ရခြင်းသည် တစ်ဖက် တစ်လမ်းမှ ပညာကို ချီးမြှောက်ခြင်းဖြစ်ကြောင်း၊ ဒါ့အပြင် အနာဂတ်၏ ကြယ်ပွင့်ကလေးများဖြစ်သည့် သား၊ သမီးများအနေဖြင့် ပညာကိုဂရုတစိုက် လေ့လာသင်ပေးစေလိုက်ကြောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြောကြားသည်။
ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဝန်ထမ်းမိသားစုဝင် ကျောင်းသား/သူများအတွက် ပညာသင်ထောက်ပံ့ငွေများနှင့် ဗလာစာအုပ်များ၊ စာရေးကိရိယာများကို အသီးသီးပေးအပ်ကြသည်။ တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်တွင် ပညာသင်ကြားနိုင်ရန်အတွက် ကျောင်းသား/(၂)ဦးအား တစ်ဦးလျှင် ငွေကျပ်(၁)သိန်းနှုန်း၊ အခြေခံ ပညာအထက်တန်းအဆင့်ကျောင်းသား/သူ(၅)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၆၀,၀၀၀)၊ ဗလာစာအုပ် နှစ်ဒါဇင်၊ ဘောလ်ပင်(၆) ချောင်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူ(၂)ဦးအား တစ်ဦးလျှင် ထောက်ပံ့ ငွေကျပ်(၅၀,၀၀၀)၊ ဗလာစာအုပ်တစ်ဒါဇင်နှင့်ခြောက်အုပ်၊ ဘောလ်ပင်(၃) ချောင်း၊ မူလတန်းအဆင့် ကျောင်းသား/သူ(၅)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၃၀,၀၀၀)၊ ဗလာစာအုပ် တစ်ဒါဇင်နှင့် ခဲတံ(၃)ချောင်းတို့ကို ထောက်ပံ့ပေးပေးနိုင်ခဲ့ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)