မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးနှင့် စာရေးများဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းဆောင်ရွက်

မိုးနဲ မေ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများတွေ့ဆုံ၍  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်သည်။  

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ဌာနဆိုင်ရာများအနဖြင့် ရုံး၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ လုံခြုံရေးသတိရှိကြရန်၊ ဌာနလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ကိုင်ဆာင်ရွက်နိုင်ရေး၊ စိုက်ပျိုးရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဒေသနှင့်ကိုက်ညီမည့်သီးနှံများ စိုက်ပျိုးနိုင်ရေးပေါင်းစပ် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများအတွက် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေရရှိရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြာင်း၊ သာသနာရေး/ဘာသာရးနှင့် သက်ဆိုင်သာလုပ်ငန်းများတွင် ပူးပါင်းပါဝင်ဆာင်ရွက်စေလိုကြာင်း၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၊ တစ်ပိုင်တစ်နိုင်နှင့် တစ်အုပ်တစ်မ စိုက်ပျိုးနိုင်ရး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တရားမဝင်ပို့ကုန်များ ဝင်ရောက်မှုမရှိစေရေး စိစစ်ဆာင်ရွက်ရန်လိုအပ်ပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက်  ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်‌/ကျေး အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက မိမိတို့လုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများကို  တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)