တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်

တောင်ဥက္ကလာပ   မေ  ၃၀

ရန်ကုန်တိုင်း‌‌ဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်‌ဥက္ကလာပမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာကျောင်းများအလိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းသားမိဘများ လာရောက်အပ်နှံလျက်ရှိသည်။

ထိုသို့လာ‌ရောက်အပ်နှံရာတွင် သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်များက အတန်းအသီးသီးသို့ လာရောက်အပ်နှံကြသော ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ အဆင်ပြေစွာအပ်နှံနိုင်ရေး ကူညီဆောင်ရွက်ပေးကြသည်။

ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်နေ့ထိ လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်မှ အခမဲ့ကျောင်းအပ်နှံခွင့်နှင့်အတူ  အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား/ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့်စာရေးကိရိယာများ အခမဲ့ထောက်ပံ့ပေးလျက်ရှိပြီး မူလတန်းကျောင်းသားကျောင်းသူများအတွက် ကျောင်းဝတ်စုံအခမဲ့ထောက်ပံ့ပေးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)