ကျိုင်းတုံ မေ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ တောင်သူများ မိုးစပါးစိုက်ပျိုးရာတွင် အထောက်အကူဖြစ်စေရန်အတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျိုင်းတုံဘဏ်ခွဲတွင် ဒေသခံတောင်သူများအား ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့က စပါးစိုက်ပျိုးဧက တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းကို တစ်နှစ်လျှင် အတိုး ၅ ရာခိုင်နှုန်းဖြင့် နမ့်နီ/နမ့်လုံကျေးရွာအုပ်စုမှ တောင်သူ ၃၂ ဦး၏ မိုးစပါးစိုက်ပျိုးဧက ၁၀၆ ဧကအတွက် စုစုပေါင်းငွေကျပ် ၁၉၅ သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေ ၂၀ ရက်မှ စတင်၍ ထုတ်ချေးပေးခဲ့ရာ ပင်းတောက်၊ ကတ်ဖနှင့် နမ့်နီ/နမ့်လုံ ကျေးရွာအုပ်စုများမှ တောင်သူ ၅၃ ဦး၊ ဧက ၁၈၃ ဧက၊ စုစုပေါင်းငွေကျပ် ၂၇၄ ဒသမ ၅ သိန်းကို ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း ကျန်ရှိသည့် တောင်သူများအား စက်တင်ဘာလအကုန်အထိ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျိုင်းတုံဘဏ်ခွဲ မန်နေဂျာ ဦးကျော်လွင်အောင်ထံမှ သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)