ကလော မေ ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ တေဇခန်းမ၌ ပြုလုပ်ခဲ့ရာ ကလောခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူမိဘများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကလောမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်က ကျောင်းနေအရွယ်အားလုံး ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားခဲ့သည်။ ထို့နောက် ကလောခရိုင်ပညာရေးမှူး တာဝန်ခံ ဦးနိုင်းဟာက ကလောခရိုင်အတွင်း ဖွင့်လှစ်မည့် ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ လာရောက်အပ်နှံထားရှိမှုအခြေအနေများနှင့်ပက်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံတော်မှ ထောက်ပံ့ပေးသော အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် အခမဲ့ကျောင်းသုံးဖတ်စာအုပ်နှင့် ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ သင်ထောက်ကူပစ္စည်းများကို ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ပေးအပ်ခဲ့ရာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက လက်ခံရယူခဲ့သည်။ထို့နောက် ကလောမြို့အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမှန်သီချင်းဖြင့် သီဆို၍ အခမ်းအနားပိတ်သိမ်းခဲ့ကြောင်းသိရှိရသည်။
မြို့နယ်(ပြန်/ဆက်)