သာစည် မေ ၃၀
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် သစ်တောဦးစီးဌာနက ၂၀၂၄ ခုနှစ် မိုးရာသီ(အကြို) သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီက ကူပြင်ကြိုးဝိုင်း အကွက်အမှတ်(၁၄) ရွှေတောင်ဘိလပ်မြေစက်ရုံအနီး၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က ပျိုးပင်များကို ဌာနဆိုင်ရာများ၊ ရွှေတောင်ဘိလပ်မြေစက်ရုံမှ တာဝန်ရှိသူတစ်ဦးနှင့် ဒေသခံတစ်ဦးတို့ထံ ပေးအပ်သည်။ ဆက်လက်ပြီး မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မိုးရာသီ(အကြို) သစ်ပင်များ စိုက်ပျိုးပေးသည်။ ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရွှေတောင်ဘိလပ်မြေစက်ရုံမှ ဝန်ထမ်းများ၊ ပြည်ညောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများနှင့် ကျောင်းသား/သူများ၊ ဒေသခံပြည်သူများက သစ်ပင်များစိုက်ပျိုးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်းပင် ၂၅၀၊ မယ်ဇလီပင် ၁၅၀၊ ခရေပင် ၁၀၀၊ မယ်ဇယ်ပင် ၁၀၀၊ စိန်ပန်းပင် ၁၀၀၊ တပေဘူတ ၁၀၀ ပင်၊ တမာပင် ၁၀၀၊ ရေတမာပင် ၁၀၀ စုစုပေါင်းသစ်ပင် မျိုးစုံအပင် ၁၀၀၀ အား စိုက်ပျိုးခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်း-၂ ထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)