မိတ္ထီလာ မေ ၃ဝ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြုလုပ်သော စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၆ နာရီအချိန်ခန့်က နည်းပညာ တက္ကသိုလ်(မိတ္ထီလာ)၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် နည်းပညာတက္ကသိုလ်(မိတ္ထီလာ)၏ ခရေဆောင် ပတ်ဝန်းကျင်၌ ခရေပင် ၅ဝ ပင်၊ ငုရွှေဝါ ၂၅ ပင်၊ ရေတမာ ၂၅ ပင် နှင့် ဗာဒံပင် ၁ဝ ပင်တို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်ကြွယ်နှင့်ဝန်ထမ်းများ၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ နည်းပညာတက္ကသိုလ်(မိတ္ထီလာ)ပါမောက္ခချုပ်နှင့် ဆရာ၊ဆရာမများက စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ချမ်းသာ