ခိုလမ်မြို့တွင် လျှပ်စစ်ဓါတ်အားလိုင်းနှင့် ဓါတ်အားခွဲရုံများ စစ်ဆေး၊ ထိန်းသိမ်း၊ ပြုပြင်ခြင်းများ ကွင်းဆင်းဆောင်ရွက်

ခိုလမ် မေ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ လျှပ်စစ်အင်ဂျင်နီယာရုံးမှ ပြည်သူများ လျှပ်စစ်မီတာသုံးစွဲရာတွင် အဆင်ပြေစေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် ယနေ့နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များတွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ဝေယံဖြိုး၏ ဦးဆောင်မှုဖြင့် လျှပ်စစ်ဝန်ထမ်းများမှ လျှပ်စစ်ဓါတ်အားလိုင်းနှင့် ဓါတ်အားခွဲရုံများ စစ်ဆေးခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)