ကွမ်းခြံကုန်း မေ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကမာပါကျေးရွာအုပ်စု၊ မေတ္တာကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးတွင် ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား မေလ(၂၀)ရက်နေ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကွမ်းခြံကုန်းမြို့နယ်ဦးစီးမှူးရုံး၊ ဦးစီးမှူး ဦးကျော်သူရ ဦးဆောင်ကြီးကြပ်မှုဖြင့်၊ လဝကမှူး ဒေါ်ခင်နန္ဒာမြင့်နှင့် ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)
