တနိုင်း မေ ၂၉
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၂၇ ရက်နေ့ နံနက် ၈ နာရီက ပုန်ခုန်းရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ အခမ်းအနားတွင် တနိုင်းခရိုင်ပညာရေးမှူး ဆရာကြီးဦးအောင်ဆွေက ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့် ပညာသင်ယူခွင့်ရရှိရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသားမိဘများ၊ ရပ်ရွာ အခြေပြုလူမှုရေးအဖွဲ့အစည်းများပူးပေါင်း၍ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသား/ ကျောင်းသူများအား ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင် စသည့်ကျောင်းသုံး ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
နေလင်းထူး (ပြန်/ဆက်)
