မိုးကောင်း မေ ၂၉
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်သည့် GW-11 မျိုးစပါးများအား ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် သမဝါယမအသင်းသားတောင်သူများထံပေးအပ်ပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မေလ (၂၉) ရက် နံနက် (၁၁) နာရီတွင် ကျင်းပသည်။
ပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်မာသန်းက GW-11 မျိုးစပါး ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးထွေးလှိုင်က GW-11 မျိုးစပါးစိုက်ပျိုးပုံနည်းစနစ်များကိုလည်းကောင်း အသီးသီးရှင်းလင်း ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများက ထိုပူး၊ ရွှေအင်း၊ အောင်သာ၊ ပင့်သာကျေးရွာတောင်သူများထံသို့ GW-11 မျိုးစပါးအိတ်(၅၀)စီနှင့် အင်းပေါင်းကျေးရွာ တောင်သူများထံသို့ မျိုးစပါးအိတ် (၁၄၀)၊ ကုန်းတန်းကြီး (အသင်းပိုင်လယ်) ထံသို့ မျိုးစပါး (၁၀) အိတ် GW-11 မျိုးစပါးအိတ်စုစုပေါင်း (၃၅၀) ကို တောင်သူများထံလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး (ပြန်/ဆက်)