မိုးကောင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သည့် ကျေးရွာကော်မတီများထံသို့ စီမံကိန်း (ဒုတိယနှစ်စက်ဝန်း) မတည်ငွေများပေးအပ်

မိုးကောင်း မေ ၂၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆောင်ရွက်သည့် ကျေးရွာကော်မတီများထံသို့ စီမံကိန်း (ဒုတိယနှစ်စက်ဝန်း) မတည်ငွေ ထောက်ပံ့ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မေလ(၂၉)ရက် နံနက်(၁၀)နာရီတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ ဦခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း ကျေးရွာများဖြစ်သည့် အောင်သာ၊ ရွှေအင်း၊ ထိုပူးနှင့် ပင့်သာကျေးရွာကော်မတီများထံသို့ ငွေကျပ်သိန်း(၃၀၀)စီ ရန်ပုံငွေလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)