တံတားဦးခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

တံတားဦး မေ ၂၉

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်အုပ်ချုပ်ရေးမှူးနှင့် တံတားဦးမြို့နယ်ရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်းက ဌာနဆိုင်များအနေဖြင် မိမိတို့ဝန်များအား ရုံးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ကြစေလိုကြောင်း၊ မြို့နယ်အတွင်း ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန်၊ မိမိတို့ရုံးဌာနနှင့် ဝန်ထမ်းများ လုံခြုံရေး သတိပြုကြရန် ၊ ယခုအချိန်သည် ၂၀၂၄-၂၀၂၅ပညာသင်နှစ် ကျောင်းသား/သူများ ကျောင်းအပ်နှံကြရေး ၊ ဇွန်လ(၃)ရက်နေ့မှစတင်ပြီး အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းသား/သူများ ကျောင်းတက်ရောက်နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရေး၊ ဒါ့အပြင် ယခုနှစ်မိုးရာသီတွင် တံတားဦးမြို့နယ်အနေဖြင့် သီးနှံမျိုးစုံ (၁၄၆၇၆၄ ) ဧကကျော် လျာထားထားပြီးဖြစ်သော်လည်း လျာထားဧကစိုက်ပျိုးရေးကို သက်ဆိုင်ရာ ဌာနများမှ ကွင်းဆင်းဆောင်ရွက်ပေးစေလိုကြောင်း၊ တံတားဦး မြို့နယ်သည် မွေးမြူရေးလုပ်ငန်းများလည်း တွဲဘက်လုပ်ကိုင်သော မြို့နယ်ဖြစ်ကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည် ။

ဆက်လက်၍ တံတားဦးခရိုင်အဆင့်ဌာနများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို အသီးသီး ဆွေးနွေးတင်ပြကြရာ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)