မိုင်းခတ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

မိုင်းခတ် မေ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ အ.ထ.က(မိုင်းခတ်) နီလာဆောင်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပရာ ဦးစွာ အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)မှ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း”သီချင်းဖြင့်‌ သီဆိုဖွင့်လှစ်ခဲ့ကြသည်။

ထို့နောက် စစ်ဗျူဟာအဖွဲ့(အခြေချ)(မိုင်းခတ်)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်အေးထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးလှမင်းနိုင်က ပညာရေးနှင့်ပတ်သက်သည့် အချက်အလက်များ ရှင်းလင်းပြောကြားကာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် သင်ထောက်ကူပစ္စည်းများ၊ အခမဲ့ကျောင်းသုံးပုံနှိပ်များ၊ အခမဲ့ဗလာစာအုပ်များအား တာဝန်ရှိသူများက ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်နိုင်နှင့် ဆရာ၊ ဆရာမများက လက်ခံရယူ၍ ကျောင်းသား၊ ကျောင်းသူများက “ပြည်မြန်မာ”သီချင်းဖြင့် အခမ်းအနားကို ပိတ်သိမ်းခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)(မိုင်းခတ်)စစ်ဗျူဟာမှူး  ဗိုလ်မှူးကြီး ဇော်အေးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး‌အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)