တန့်ယန်းမြို့နယ်၌ ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့ သား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်

တန့်ယန်း မေ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့ ဝန်ထမ်းမိသားစုများ၏ သား၊ သမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဝန်ထမ်းမိသားစုများ၏ သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းအကြောင်း ရှင်းလင်းပြီး တာဝန်ရှိသူများနှင့်အတူ ခရိုင်ရဲတပ်ဖွဲ့မှ တက္ကသိုလ်အဆင့် ၄ ဦး၊ အထက်တန်းအဆင့် ၂ ဦး၊ အလယ်တန်း အဆင့် ၂ ဦး၊ မူလတန်းအဆင့် ၉ ဦး စုစုပေါင်း ၁၇ ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှ တက္ကသိုလ်အဆင့် ၉ ဦး၊ အထက်တန်းအဆင့် ၁ ဦး၊ အလယ်တန်းအဆင့် ၆ ဦး၊ မူလတန်းအဆင့် ၁၈ ဦး စုစုပေါင်း ၃၄ ဦးတို့အား ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။                        

မင်းလွင်ဦး(တန့်ယန်း)