ကွန်ဟိန်း မေ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့တွင် သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ရေး ပိုးလောက်လန်းများခိုအောင်းမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်းများကို ယနေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာ၌ ခြင်ကျား၊ ပိုးလောက်လန်းများ ခိုအောင်းမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ခိုအောင်းနိုင်သည့်နေရာများ၊ မိုးရေနှင့် ရေဆိုး၊ ရေညစ်များမရှိစေရေး၊ ခြင်ကျား၊ လောက်လန်းကြောင့် ဖြစ်ပေါ်တတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ ဆင်ခြေထောက်ရောဂါနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အဘိတ်ဆေးခတ်ခြင်းကို ကျန်းမာရေးဌာန၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်မာအေးနှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များတို့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကွန်ဟိန်း (ပြန်/ဆက်)
