ရန်ကုန် မေ ၂၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်းနှင့် စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး မိုးရာသီစာဖတ်ဝိုင်းနှင့် စာအုပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်း၊ အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း နာယက ဦးရန်နောင်(ရန်နောင်-ပညာရေး)၊စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတော်မြင့်(တော်ြမင့်- ငှက်ဖျား)တို့က အမှာစကားအသီးသီးပြောကြားခဲ့သည်။
ထို့နောက် အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်းနှင့် သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးဘိုကြည်(ဒေါက်တာ ဗိုလ်သံမဏိ-တောင်တွင်းကြီး)က မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှင်သန်ခိုင်မာရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာမဖတ်သူပပျောက်ရေးနှင့် မျိုးဆက်သစ်လူငယ်များ စာပေဗဟုသုတတိုးပွားရရှိရေးတို့အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)
 
    