ကျိုက်မရော မေ ၂၉
မိုးရာသီရောက်ရှိလာပြီးဖြစ်၍ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းများဦးဆောင်၍ ကျိုက်မရောမြို့ပေါ်၌ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် Abate ဆေးခပ်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီ တွင် တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာ၌ ရပ်ကွက်အတွင်းရှိ စာသင်ကျောင်းများ ဌာနဆိုင်ရာရုံးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် လူနေအိမ်များအတွင်း ခြင်များ၊ ပိုးလောက်လန်းများ ပေါက်ဖွားနိုင်သည့် ရေလှောင်ကန်များ၊ ရေစည်ပိုင်းများ၊ ရေအိုးများ၊ ဘုရားပန်းအိုးများကို လိုက်လံစစ်ဆေးပြီး ပိုးလောက်လန်းမရှိစေရန်(Abate)ဆေးများခပ်ပေးခြင်း၊ ရေစည်များသွန်ပေးခြင်း၊ ရေများလဲလည်ပေးခြင်းစသည့် ဖုံး၊ သွန် ၊ လဲ၊ စစ်လုပ်ငန်းများအား ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်းကာ တစ်အိမ်တက်ဆင်း လိုက်လံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိချို(ကျိုက်မရော)