ချောင်းဆုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး (Abate) ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်

ချောင်းဆုံ မေ ၂၉

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ ပြည်သူများ မိုးဦးကာလ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဦးဆောင်၍ (Abate)ဆေးခပ်ခြင်းလုပ်ငန်းများနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ကြက်ခြေနီအသင်းဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများပူးပေါင်းကာ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ ဈေးနှင့် နေအိမ်များရှိ ရေလှောင်ကန်များ၊ ရေစည်၊ ရေအိုးများနှင့် ခြင်ပေါက်ဖွားနိုင်သည့် နေရာများကို စစ်ဆေးခြင်း၊ ပိုးလောက်လန်းမရှိစေရေး (Abate) ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပြုလုပ်ပေးကာ သွေးလွန်တုပ်ကွေးရောဂါအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)