ပင်လောင်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်

ပင်လောင်း     နိုဝင်ဘာ  ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား  အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ စတုတ္ထအကြိမ် ငွေကြေးထပ်မံထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ပေးအပ်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်တို့က အမှာစကားပြောကြားကြပြီး စတုတ္ထအကြိမ် ထပ်မံထောက်ပံ့ငွေများအား သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုများမှ ကြီးကြပ်မည့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများထံ ပေးအပ်ခဲ့သည်။

ပင်လောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၇၁၈၃)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ထပ်မံထောက်ပံ့ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့်  ထောက်ပံ့ငွေကျပ်စုစုပေါင်း (၁၄၃,၆၆၀,၀၀၀)ကို   သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာ အုပ်စုအလိုက် ကြီးကြပ်မည့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ရပ်ကွက်/ကျေးရွာနေ ပြည်သူထုများထံ  လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ခွန်အာကာစိုး (ပင်လောင်း)